မိုးနဲ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်အရ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု နားခံအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းဝင်းနေရာ၌ ယနေ့နံနက် ၇ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်အောင်အောင်က သစ်ပင်စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများနှင် ဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုး မည့်ပျိုးပင်များကို ကျောင်းအုပ်ဆရာကြီး ဦးနေဇာထွန်းနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး ဌာနဝန်ထမ်းများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများက စိန်ပန်းနီ၊ စိန်ပန်းပြာ၊ သင်္ဘောတယ်၊ ခါတော်မီနှင့် မျောက်ငိုပင် အပင် ၂၀ စီ စုစုပေါင်းပျိုးပင် ၁၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)