ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ကာယပညာမိသားစု (ပထမအကြိမ်)သက်ကြီးပူဇော်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကာယပညာမိသားစု၏ (ပထမအကြိမ်)သက်ကြီးပူဇော်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသိရီရတနာခန်းမ၌ ကျင်းပရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ပြည်ခရိုင်ပညာရေးမှူးဒေါ်စန်းစန်းဝင်းနှင့် ကာယပညာဆရာ၊ ဆရာမများတက်ရောက်သည်။