အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်းဆောင်ရွက်

အုတ်တွင်း      ဇူလိုင်      ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(မူလွန်)မဲကုန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက(၇၇)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ကိုးဦး၏သမိုင်းအကျဥ်းအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်းအရာများနှင့် လူငယ်ရေးရာဆိုင်ရာအသိပညာပေးဟောပြောခဲ့​ပြီး ​တောင်ငူခရိုင်စားသုံးသူ​​ရေးရာဦးစီးဌာနမှ သတင်း/နည်းပညာဌာနခွဲတာဝန်ခံဦးစီးမှူးဦးစောသန်းထိုက်ကျော်က စားသုံးရန်မသင့်သော အစားအစာများ၊ စာသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ကလေးများအား စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ပြီး က​လေးငယ်များအား ကိုယ်ကာယဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်စေပြီး ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြပေးခဲ့ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)