မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော် မကွေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက မကွေးဗဟိုအကျဉ်းထောင်အား သွာရောက်စစ်ဆေးခဲ့သည်။