မုဒုံ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) ဘဲရမ်းကျေးရွာစာသင်ကျောင်း၌ ပြုလုပ်သည်။
ဦးစွာကျောင်းအုပ်ဆရာမကြီးဒေါ်တိုးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးအန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေး ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကျောင်းသူ/ သားများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗဟုသုတတိုးပွားနိုင်ရန် ကျောင်းစာအပြင် အခြားစာအုပ်စာစောင်များလေ့လာဖတ်ရှုကြရေးတို့ကို ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်ပြ၊ ကာတွန်း၊ သုတ၊ ရသ၊ ပုံပြင်စသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များတို့ကို ပြသခဲ့ရာ ကျောင်းသား/သူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)