တောင်ငူ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တောင်ငူ)မှဦးဆောင်၍ လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉:၁၅)မိနစ်အချိန်က ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီး နော်ဖောဇာအေးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တောင်ငူ)မှ ဒုတိယရဲမှူးဇော်ထူးအောင်က လူကုန်ကူးမှုပေါ်ပေါက်လာပုံသမိုင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးဥပဒေပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်သည့် ကျောင်းသားကျောင်းသူ (၇၁)ဦးအား လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)