ခိုလမ်မြို့၊ အ.မ.က (၂၉) မိုင်ကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်း (၂၉) မိုင်ကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့​ပါသည်။

ညောင်ရွှေမြို့၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်း လူထုအသိပညာပေးဆိုင်းဘုတ် စိုက်ထူ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ မြို့အဝင်၌ပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးတို့က ချက်ချင်းသွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုန် အောင်မြင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန်အောင်မြင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကားပြောကြားသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် (၆၀) စင်တီမီတာအထိ ကျော်လွန်မြင့်တက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၂၂၁၀) စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့၊ စိုးရိမ်ရေမှတ် (၂၁၅၀) စင်တီမီတာထက် (၆၀) စင်တီမီတာအထိ ကျော်လွန်မြင့်တက်နေပြီဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကလောမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီက ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြင်းထန်ကာလဝမ်းရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် Bleaching Powder (Chlorine) ဆေးခပ်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ကျောင်းများနှင့်ဈေးအတွင်းအပြင်သို့  ပြင်းထန်ကာလဝမ်းရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့်  Bleaching Powder (Chlorine)ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

လှည်းကူးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် စက်ရုံ၊ အလုပ်ရုံများတို့တွင် ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ကြောင်း သိရသည်။
Subscribe to