မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းအသိပညာပေးဟောပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲကို တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ  အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြလို့မြို့ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေလှူဒါန်းပေးအပ်သူများအား မှတ်တမ်းတင်ဂုဏ်ပြုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောင်လံခရိုင်၊ ပြလို့မြို့ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင် Grade -10 ကျောင်းသား/သူများရရှိရေး ကြိုးစားဆောင်ရွက်ခဲ့ကြသူများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ လှူဒါန်းပေးအပ်သူများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ အစည်းအဝေးအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ အထောက်အကူပြုအဖွဲ့ အစည်းအဝေးအခမ်းအနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကဏ္ဍအသီးသီးမှ တက်ရောက်ကြသည်။

တန့်ယန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်လာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မိုင်းပျဥ်းမြို့၌ ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာရှိ စံညီစာကြည့်တိုက်အား ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ (၇၇)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အ​ခြေခံပညာ​ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ​ဆောင်းပါးပြိုင်ပွဲများနှင့် ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၇)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် အ​ခြေခံပညာ​ကျောင်း​ပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ​ဆောင်းပါးပြိုင်ပွဲများနှင့် ​ဟော​ပြောပွဲကျင်းပခြင်းကို ယ​မန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ချောက်မြို့၌ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) မှ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး​ဟော​ပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ​ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂ )အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
Subscribe to