လယ်ဝေး ဇူလိုင် ၁၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂ )အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာများအား ဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့ပြီး လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်နှင့် ဒုတိယဦးစီးမှူးဦးရဲနိုင်ဝင်းတို့က လေထုညစ်ညမ်းမှုအကြောင်းနှင့်စွန့်ပစ်ပစ္စည်းများအကြောင်းကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများအား ဥာဏ်စမ်းမေးခွန်းများမေးမြန်းကာ ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)