ကော့သောင်းမြို့ အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး‌၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇) နှစ်‌‌မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက် အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့ အ‌ခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲ‌ကျေးရွာအုပ်စု၊ ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နမ့်စန်မြို့တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့၊ လှာကမြင်အားကစားကွင်း၌ ဇွဲကပင်အားကစားရုံတည်ဆောက်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်အားကစားကွင်း၊ ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲက လှာကမြင် ကွက်သစ်ရှိ အဆိုပါအားကစားရုံတည်ဆောက်မည့်မြေနေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ပန္နက်တော်များရိုက်သွင်း၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသား/သူများ ပညာရည်မြင့်မားရေးနှင့်အတူ ကိုယ်ကာယစွမ်းရည်များ ပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ မိုးရာသီအားကစားပြိုင်ပွဲကို ဇူလိုင်လ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၂)ကျောင်း ထပ်မံ၍ ယာယီပိတ်ထား

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်ထပ်မံ၍ အခြေခံပညာစာသင်ကျောင်း(၂)ကျောင်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင် ဆင်ခြေထောက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ဆင်ခြေထောက်ရောဂါကြောင်း အသိပညာပေးဟောပြောပွဲနှင့် ဆင်ခြေထောက်ရောဂါကာကွယ်‌ဆေး၊ သန်ချဆေးပေါင်းတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၈)နာရီခွဲက မြို့မရပ်ကွက် ရွှေဘုန်းသာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to