မိုင်းဖြတ်မြို့နယ်၌ (၇၇)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အ​ခြေခံပညာ​ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ​ဆောင်းပါးပြိုင်ပွဲများနှင့် ဟောပြောပွဲ ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၇)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် အ​ခြေခံပညာ​ကျောင်း​ပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ​ဆောင်းပါးပြိုင်ပွဲများနှင့် ​ဟော​ပြောပွဲကျင်းပခြင်းကို ယ​မန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ တာဝန်ကျ ဆရာ၊ ဆရာမများက  ပြိုင်ပွဲဝင်စည်းကမ်းချက်များ၊ ပြိုင်ပွဲ​ခေါင်းစဥ်များကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် အဆင့်အလိုက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ  ​အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ​ကျောင်းသူ (၆၂)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် ​အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဟော​ပြောပွဲပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ (၈) ဦးတို့က အာဇာနည့်နေ့အကြောင်း သိ​ကောင်းစရာများဖြင့် အသီးသီးယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ​ကျောင်းသား၊ ​ကျောင်းသူများကို မြို့နယ်ပညာ​ရေးစုံညီပွဲ​​တော်၌ ​ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။းားမည်ဖြစ်​ကြောင်း သိရသည်။

သန်းထွန်း​အေး(မိုင်းဖြတ်)