မိုင်းတုံမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင်ရှိ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်မြဲတန်ဖိုးထားမမေ့အပ်စေရန် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီက အ.ထ.က မိုင်းတုံစာသင် ကျောင်းခန်းနှစ်ထပ်‌ဆောင်၌ ကျင်းပခဲ့သည်။

ကျိုင်းတောင်းမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးယအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က စိုက်ပျိုးရေးဌာန ရုံးအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တက်ဝန်ကျေးရွာရှိ မိဘပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် နတ်မောက်ကွန်ရက်ပရဟိတလူမှု အကျိုးပြုအသင်းမှ ယမန်နေ့ နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အစိုးရစက်မှု/လက်မှုသိပွံ (ပြင်ဦးလွင်)တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းမွမ်းမံသင်တန်း အမှတ်စဉ်(၁၈/၂၀၂၄)၊ အမှတ်စဉ် (၁၉/၂၀၂၄)နှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၂၀/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အစိုးရစက်မှု/လက်မှုသိပွံ (ပြင်ဦးလွင်)တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း မွမ်းမံ သင်တန်း အမှတ်စဉ် (၁၈/၂၀၂၄)/ အမှတ်စဉ် (၁၉/၂၀၂၄)နှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂၀/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က အစိုးရစက်မှု/ လက်မှုသိပွံ (ပြင်ဦးလွင်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် လည်းကောင်း၊  ယနေ့နံနက် (၁၀) နာရီက အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ယနေ့နေ့လယ်က မြန်အောင်မြို့ ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ပရဟိတမြို့ ရွှေကျောင်းတွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာရေးစာရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများတို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူတို့ ပူးပေါင်း၍ စာရေးဆရာမ ခင်ဆွေဦး ရေးသားသော အင်ကြင်းရဂုံစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)အရ ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ  တမ္ပဝတီရပ်ကွက်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့ အမှတ် (၅၇၆) တပ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

ရှမ်းပြည်တောက်ပိုင်း၊ ​မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အမှတ်(၅၇၆) တပ်ရင်းတွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက်(၇) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။
Subscribe to