ချမ်းမြသာစည်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)အရ ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည် ဇူလိုင် ၁၁

ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ  တမ္ပဝတီရပ်ကွက်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်‌ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများက ကျောင်းတွင် ပညာသင်ကြား‌နေသော အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများအား ပန်းခင်းစီမံချက်(၃)အရ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့