ကျိုင်းတောင်းမြို့ အမှတ် (၅၇၆) တပ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

ကျိုင်းတောင်း ဇူလိုင် ၁၂

ရှမ်းပြည်တောက်ပိုင်း၊ ​မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အမှတ်(၅၇၆) တပ်ရင်းတွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက်(၇) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါသစ်ပင်စိုက်ပွဲတော်တွင် ကျိုင်းတောင်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ တ.တ.က(၃)၊ အမှတ်(၅၇၄)၊ အမှတ်(၅၆၉) နှင့် အမှတ် (၅၇၆) တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ ဗိုလ်ကြီး၊ ဗိုလ်မှုးကြီးများကနှင့် တပ်သားများ၊ ရဲမေများ ပါဝင်ပေးခဲ့ကြောင်း သိရပါသည်။ ရှေးဉီးစွာ ပွဲသို့တက်ရောက်လာသူများအနေဖြင့် သစ်ပင်စိုက်ရန်သက်မှတ်ထားသောနေရာများတွင် နေရာယူထားပြီ သစ်ပင်စိုက်မည့်သူများသို့ စိုက်ပျိုးမည့် အပင်များအား ပေးအပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် ကျွန်းသစ်ကို အဓိကစိုက်ပျိုးပေးခဲ့ပြီး စုစုပေါင်းအပင် (၂၀၀) ခန့် စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)