ပြင်ဦးလွင် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အစိုးရစက်မှု/လက်မှုသိပွံ (ပြင်ဦးလွင်)တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း မွမ်းမံ သင်တန်း အမှတ်စဉ် (၁၈/၂၀၂၄)/ အမှတ်စဉ် (၁၉/၂၀၂၄)နှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂၀/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က အစိုးရစက်မှု/ လက်မှုသိပွံ (ပြင်ဦးလွင်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မန္တလေးတိုင်ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗဟိုကောင်စီဝင် ဒေါက်တာသိန်းထွန်းဆောင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်သင်း (စာရေးဆရာကိုရွှေအောင်သင်း) က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဗဟိုကောင်စီဝင် ဦးကျော်ကျော်မှ ဆေးအိတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ အစိုးရစက်မှု/လက်မှုသိပွံ (ပြင်ဦးလွင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာကြူကြူဆွေမှ လက်ခံရယူခဲ့သည်။
ထို့နောက် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအေးကို၊ အဖွဲ့ဝင်ဒေါ်အမာတို့က သင်တန်းအသီးသီးတွင် တင်ရောက်အောင်မြင်ကြသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)