ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာရေးစာရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများတို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ထားဝယ် ဇူလိုင် ၁၂

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူတို့ ပူးပေါင်း၍ စာရေးဆရာမ ခင်ဆွေဦး ရေးသားသော အင်ကြင်းရဂုံစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ပြုလုပ်ပေးလျက်ရှိကြောင်း၊ အင်ကြင်းရဂုံစာအုပ်သည် အနှစ်သာရရှိသောစာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိ အကြောင်းအရာများအား ဖတ်ရှုပြီး ရှုထောင့်အမျိုးမျိုးဖြင့် ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားသည်။

ထို့နောက် စာရေးဆရာဂဃေးက အင်ကြင်းရဂုံ စာအုပ်သည် လုံးချင်း၀တ္ထူဖြစ်သော်လည်း မိသားစုဘ၀၏ ချစ်ခြင်းတရား၊ ကျွန်းပညာရေးစနစ်၏ သင်ကြားမှု၊ မိဘ၏သားသမီးအပေါ် လမ်းညွှန်မှုပြု၍ ဖတ်စေသော စာအုပ်များ၊ ချစ်ခြင်းမေတ္တာတရားကို ရသမြောက်အောင် ရေးသားထားမှုစာအုပ်ထဲမှ အကြောင်းအရာများကို စတင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသော စာရေးဆရာများ၊ Book Club အသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများတို့က စာအုပ်ထဲရှိ အကြောင်းအရာများကို ဖတ်ရှုပြီး စာပေရသ အတွေ့အကြုံများအား အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။

ကျော်ကျော်လတ်