ပြင်ဦးလွင် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် လည်းကောင်း၊ ယနေ့နံနက် (၁၀) နာရီက အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေဟောပြောပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကျောင်းစာကြည့်တိုက်များကို အသုံးချစေရေး၊ စာဖတ်ရှိန် မြင့်မားစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/သူများအား အသိအလိမ္မာရဖွယ် စာပေအကြောင်းအရာများအား ဟောပြောဆွေးနွေးသည်။ ထို့နောက် နံရံကပ်စာစောင်များနှင့် သုတ/ရသစာစောင်များအား ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်၀င်တစား လေ့လာခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)