ညောင်ရွှေမြို့နယ် အ.ထ.က-မိုင်းသောက်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ညောင်ရွှေမြို့နယ် အ.ထ.က-မိုင်းသောက်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ် ညောင်ရွှေ ဇူလိုင် ၁၁ မြို့နယ်(ပြန်/ဆက်)

စေတုတ္တရာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ အောက်ဝေါကျေးရွာ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့ ဝမ်လီ (မူလွန်) ကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ ဝမ်လီ (မူလွန်) ကျောင်းတွင် ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးရှောင် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ  ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ရေယာဉ်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ရေယာဉ်များအား မိုးရာသီကာလ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေးအတွက် လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် အသက်ကယ်ဝတ်စုံများ၊ အသက်ကယ်ဘောများ ပြည်စုံစွာ ထားရှိခြင်းရှိမရှိတို့အား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် သီးနှံစိုက်ခင်းအချို့ ရေဝင်ရောက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်းကမ်းဘေးတစ်လျှောက်ရှိ သီးနှံစိုက်ခင်းအချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါရေဝင်ရောက်မှုကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှု မရှိသေးကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခိုလမ်မြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့တွင်သစ်‌တောဦးစီး‌ဌာနမှ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း (ခိုလမ်) တွင် ကျင်းပခဲ့သည်။

မိုင်းပျဉ်းမြို့ အ-ထ-က၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက နဝဒေးခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရေနံချောင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာမှ ရေဘေးရှောင်အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့က ဘုရားကုန်းကျေးရွာ ပင်းစက္ကလံပ (ပင်းဘုရား) ဝန်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းတွင် ပြုလုပ်သည်။

မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန်အတွက် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to