ပင်းတယမြို့နယ်၌ ဆီနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကာ ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးရောင်းချကြရာ ယခုအချိန်တွင် ဆီနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ​ဇင်​ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော အားကစားနှင့်လူငယ်​ရေးရာအသိပညာပေးဟောပြောနှင့် သရုပ်ပြပွဲကို ယမန်နေ့ည​နေ (၃) အချိန်က ​ဇင်​ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်း အင်းကြင်းမြိုင်ခန်းမ၌ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည်အသွေး ရလဒ်များအားထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်းပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ရေအရည်အသွေးတိုင်းတာမှုရလဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ဒလမြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲကို အ.ထ.က(၂) ကုမုဒြာခန်းမ၌ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသထားကြောင်း သိရသည်။

ချောင်းသာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစတင်ပြီး တိုက်နယ်ကျန်းမာရေးဌာနအပါအဝင် သတ်မှတ်စုရပ်နေရာများတွင် ရည်မှန်းဦးရေအလိုက် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့် ဌာနပိုင်ဝန်ထမ်းသက်သာ စိုက်ခင်းမှ ထွက်ရှိသော ဆန်ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to