လေးမျက်နှာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.လ.က‌ လေးမျက်နှာကျောင်းနှင့် အ.ထ.က လေးမျက်နှာကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တာလေမြို့၌ (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာ‌လေမြို့၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ​ပေး​​ဟော​ပြောပွဲကို ယနေ့နံနက် ၁၀ နာရီက  အ-မ-က (တာလော့ဝမ်ဆာ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၁၂) ကျောင်း ထပ်မံယာယီပိတ်ထား

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း (၁၂) ကျောင်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီကစာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ခေတ္တကျောင်းအုပ်ဆရာကြီး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ၇၀ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း(တာချီလိတ်)၏ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း (တာချီလိတ်) ၏ ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ ခေတ်မီစံပြကျေးရွာ( Smart Village ) ထူထောင်ရေးစီမံကိန်း မြို့နယ်အဆင့် မိတ်ဆက်ရှင်းလင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမနေရာ၌ ခေတ်မီစံပြကျေးရွာ(Smart Village) ထူထောင်ရေး မြို့နယ်အဆင့်မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ရေဘေးရှောင် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် ရေပေါ်ကျွန်းကျေးရွာ၊ ထုံးတောင်ကျေးရွာနှင့် အမှတ် (၅) ရပ်ကွက်တို့ရှိ အိမ်ထောင်စုများမှ  ပြည်သူများအား ရေကင်းလွတ်ရာ  နေရာများသို့    ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန် ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။         

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် ၁၀၃စင်တီမီတာအထိ မြင့်တက်လာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၅၃ စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့၊ စိုးရိမ်ရေမှတ် ၂၁၅၀စင်တီမီတာထက် ၁၀၃ စင်တီမီတာအထိ ကျော်လွန်မြင့်တက်‌ရောက်ရှိနေပြီဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ရေသယံဇာတအရင်းအမြစ် ရေရှည်တည်တံ့ဖို့ ရေဝေရေလဲဧရိယာများကို ထိန်းသိမ်းစို့ အသိပညာပေး Talk Show ပြုလုပ်

ကျိုင်းတုံမြို့၌ ရေသယံဇာတအရင်းအမြစ် ရေရှည်တည်တံ့ဖို့ ရေဝေရေလဲဧရိယာများကို ထိန်းသိမ်းစို့ အသိပညာပေး Talk Show ပြုလုပ် ကျိုင်းတုံ ဇူလိုင် ၁၁ အောင်ဇင်မြင့်(ပြန်/ဆက်)
Subscribe to