စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်

မြန်အောင် ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ယနေ့နေ့လယ်က မြန်အောင်မြို့ ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ပရဟိတမြို့ ရွှေကျောင်းတွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြန်အောင်မြို့ ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်) ပရဟိတမြို့ရွှေကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၄၁)ဦးတို့အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညပေး ဟောပြောခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)