မိုင်းယန်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင်ရှိ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်မြဲတန်ဖိုးထားမမေ့အပ်စေရန် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က မိုင်းတုံစာသင် ကျောင်းခန်းနှစ်ထပ်ဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲတွင် မူလတန်းအဆင့် စာစီစာကုံးနှင့်ကဗျာတွင် "အာဇာနည်နေ့တို့မမေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာတွင် "အာဇာနည်နေ့ မမေ့အပ်"ခေါင်စဉ်များဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃)ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်လျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)