ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအတွက် စာကြည့်တိုက်လေ့လာရေး အစီအစဥ် စတင် ဆောင်ရွက်ပေး
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထရှိစေရန် ငယ်စဥ်ကပင် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်တွင် ပျော်မွေ့၍ စာဖတ်ခြင်း အလေ့အထ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဖိတ်ခေါ်၍ စာကြည့်တိုက်လေ့လာရေးအစီအစဥ်ကို ဇူလိုင်လ (၁၂) ရက်နေ့တွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။