နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၁၃

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ မိသားစုများ၏ စုဒ္ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ ၁ ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ မိသားစုများ၏ စုဒ္ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးက ကျရာအခန်းကဏ္ဍအလိုက် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားကြစေရန်   ပြောကြားခဲ့သည်။

ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ဆပ်ကော်မတီများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဆပ်ကော်မတီများအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မေးမြန်းခဲ့ကြရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)