လေးမျက်နှာမြို့နယ် အ.ထ.က နင်းကြမ်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ပြုလုပ်

လေးမျက်နှာ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က နင်းကြမ်းကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာ တိုးပွားစေရေး၊ ဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်‌ရွှေက လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး စသည်တို့ကို ရှင်းလင်း‌ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူဆိုင်‌ရာ ဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးစီးအရာရှိ ဦးတင်ရွှေနှင့်အတူ မောင်လင်းသစ်မောင် G-10က လူငယ်နှင့်စာဖတ်ခြင်း၊ မောင်စွမ်း‌နေလင်း G-10က လူငယ်နှင့်အနုပညာ၊ မောင်ထက်မြက်ကို G-10က လူငယ်နှင့်အားကစား၊ မတင်ဇာနည်ကျော် G-10 က လူငယ်နှင့်ယဉ်ကျးမှု၊ မမိုးပြည့်ပြည့်စံ G-11က လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်ကြသာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)