မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာအတွင်းရှိ စမ်းရေကြည်စာကြည့်တိုက်အား မြို့နယ်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။