မင်းကင်း ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာပေပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဇဉ်အေးက အာဇာနည်နေ့အကြောင်းကို ကျောင်းမြက်ခင်းပြင်တွင် ဟောပြောပြီးနောက် အဆိုပါကျောင်းရှိ စကားဝါခန်းမ၌ စာပေပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့်ကို "အလေးအမြတ်ပြုအပ်" ခေါင်းစဉ်ဖြင့် (၁၃)ဦး၊ အလယ်တန်းအဆင့်ကို" အာဇာနည်နေ့နှင့် လူငယ်တို့၏တာဝန်" ခေါင်းစဉ်ဖြင့်(၄၀)ဦး အထက်တန်းအဆင့်ကို "အာဇာနည်နေ့မှသည် ဖွံဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့" ခေါင်းစဉ်ဖြင့် (၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်ကို "အာဇာနည်ဟုခေါ်သည်" ခေါင်းစဉ်ဖြင့်(၃)ဦး၊ အလယ်တန်းအဆင့်တွင် "မြင့်မြတ်တည်ကြည်အာဇာနည်" ခေါင်းစဉ်ဖြင့် (၈)ဦးနှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် "အမျိုးသားရေးတာဝန်နှင့် အာဇာနည်စိတ်ဓာတ်" ခေါင်းစဉ်ဖြင့် (၃) ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၈၈) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ဦးဆောင်၍ သက်ဆိုင်ရာ ကျောင်းဆရာဆရာမတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)