ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ရှိ မဟာဝိသုတာရာမ(အလယ်တိုက်) စာသင်တိုက်နှင့်ပခုက္ကူဦးအုံးဖေစာကြည့်တိုက်များအတွင်း မြစ်ရေဝင်ရောက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်‌ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ရှိ မဟာဝိသုတာရာမ(အလယ်တိုက်) စာသင်တိုက်နှင့်ပခုက္ကူဦးအုံးဖေစာကြည့်တိုက်များအတွင်း မြစ်ရေဝင်ရောက်မှု များပြားလာလျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြောင်ကျကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊  စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန့်နေ့နေ့လယ်(၁)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန် မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)  ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင်  ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိရေး၊ သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန်ရည်ရွယ်၍ မိုးရာသီရာသီကာလတွင် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊  အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးမှ ကျန်းမာရေးဝန်ထမ်းများသည် ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အ‌ခြေခံပညာကျောင်းများတွင်  ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ၌ မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေမီးသတ်စခန်း၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ မြင်းပါကျေးရွာ၌ ယမန်နေ့ ညနေ ၃ နာရီ ၄၅ မီနစ် အချိန်က လူနေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း သိရသည်။

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ကော်မတီဝင် ၁၂ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်ပြီး မအူလေးပင်ကျေးရွာရှိ ဇီဝဇိုး ငှက်မွေးမြူရေးခြံအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ ဖြန့်ဖြူးပေးဝေနေသော ငလိုက်ရေလှောင်တမံကြီး သက်တမ်းရှည်ကြာစွာဖြင့် အကျိုးပြုစေနိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် တမံအတွင်းဝင်ရေလျော့နည်းလာမှုကို ကာကွယ်နိုင်ရေး၊ မြေဆီလွှာတိုက်စားမှု ကာကွယ်နိုင်ရေး၊ သဲနှုန်းအနည်ကျ လျော့နည်းစေရေး အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ ရေဝေရေလဲဧရိယာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to