သရက်မြို့၌ ရေဘေးရှောင်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျောက် မြစ်ရေများ ဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် ပိဿလိမ်းကျေးရွာ၊ စမ်းအိုင့်ကျေးရွာ၊ ရေပေါ်ကျွန်းကျေးရွာ၊ ထုံးတောင်ကျေးရွာနှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ရေဘေးရှောင်စခန်းနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီခွဲက  နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် ၃၀.၅စင်တီမီတာအထိ မြင့်တက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ၁၂ရက်နေ့နံနက် ၆နာရီခွဲချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၉၀၅.၈၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ရေစကြိုမြို့၏စိုးရိမ်ရေမှတ် ၈၇၅.၃၅ စင်တီမီတာထက် ၃၀.၅ စင်တီမီတာအထိ ကျော်လွန်မြင့်တက်ရောက်ရှိနေပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စုခုနှစ်စုရှိ ပြည်သူများ ရေဘေးသင့်ခဲ့ရာ အဆိုပါ ရေဘေးသင့်ပြည်သူများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ ၂ နာရီအချိန်က အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်စေတနာခန်းမ၌ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၌ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချမှုရှိ၊မရှိ တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံး၍ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဆန်ဆိုင်များ ပုံမှန်လည်ပတ်ဖွင့်လှစ်ကာ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းရှိ၊မရှိကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းပါ‌ဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်အတွင်းရှိ မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်နေကြသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာတွင် နေထိုင်ကြသော  အိမ်ထောင်စုများအား မြစ်ရေဝင်ရောက်မှုကြောင့် ၎င်းတို့၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို  ယနေ့ နံနက် ၈ နာရီခွဲအချိန်က အခြေခံကျောင်း(၃၈)ကျောင်းတွင် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အမက-၃၅၈ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့တွင် စာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက် ပညာဆင့်ပွားသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများ စသည့်လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ “လူငယ်စကားဝိုင်း” ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဖောင်ရိုးဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to