ဘုတ်ပြင်းမြို့နယ်၌ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချမှုရှိ၊မရှိ တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေး

ဘုတ်ပြင်း ဇူလိုင် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံး၍ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဆန်ဆိုင်များ ပုံမှန်လည်ပတ်ဖွင့်လှစ်ကာ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းရှိ၊မရှိကို ယနေ့နံနက်()နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး အခြေခံအိမ်ထောင်စုများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဆန်ရောင်းချပေးနေခြင်းရှိ၊မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား ကုန်စျေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်နေမှုအခြေအနေများအား ပြောကြားခဲ့ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)