အမရပူရမြို့နယ်အတွင်းရှိ မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်နေကြသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

အမရပူရ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာတွင် နေထိုင်ကြသော  အိမ်ထောင်စုများအား မြစ်ရေဝင်ရောက်မှုကြောင့် ၎င်းတို့၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးညွန့်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်တေဇ၊ အဖွဲ့ဝင်(၂) ဦးကိုကိုဇော်၊ အမရပူရမြို့နယ် ထွေ/အုပ်မှဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ  အိမ်ထောင်စု(၁)စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်‌ထောင်စု (၃၀၀)စုအတွက်  ဆန် (၆၀၀) ပြည်၊ ဆီပိဿာချိန် (၁၅၀)ပိဿာအား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စိုးသီဟ(အမရ)