လှိုင် ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က အခြေခံကျောင်း(၃၈)ကျောင်းတွင် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်အဖွဲ့တို့နှင့် ပူးပေါင်း၍ လှိုင်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများသို့ ကွင်းဆင်းပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယမင်း (ပြန်/ဆက်)