ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် မြစ်ရေကြီးမြင့်မှုဖြစ်စဉ်တွင် ကူညီဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်
ကချင်ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လေဆိပ်ဧရိယာအား မြို့အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေး၊ မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့၏ပင်မရေမြောင်းများ ရှင်းလင်းရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီခွဲက တာဝန်ရှိသူများနှင့်အညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။