သရက် ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျောက် မြစ်ရေများ ဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် ပိဿလိမ်းကျေးရွာ၊ စမ်းအိုင့်ကျေးရွာ၊ ရေပေါ်ကျွန်းကျေးရွာ၊ ထုံးတောင်ကျေးရွာနှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ရေဘေးရှောင်စခန်းနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရေဘေးရှောင်စခန်းများဖြစ်သည့် ပိဿလိမ်း(ကျင်း)ဓမ္မာရုံ၌ အိမ်ထောင်စု (၂၅)စု၊လူဦးရေ(၁၄၃)ဦး၊ စမ်းအိုင့်ဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၁)ဦး၊ ရွှေမုဌောဘုရားဓမ္မာရုံ၌ အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၁၀၄)ဦး၊ လေးထပ်ကျောင်း၌ အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၇၄)ဦးနှင့် စံပုံတင်ဘုန်းကြီးကျောင်း၌ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၇၉)စု၊ လူဦးရေ(၃၈၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ လူတစ်ဦးလျှင် (၂၁၀ဝ) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၈၀၄၃၀ဝ)ကျပ်နှင့် ရေသန့်ဗူး၊ Hand Gel ဗူးများကို ရေဘေးရှောင်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရေကြီးရေဝင်ရောက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်