ကန်ကြီးထောင့်မြို့နယ်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဥ်ရေဝင်နေကြ အိမ်ထောင်စု များအနက်အိမ်ထောင်စု (၈)စုရှိ ပြည်သူများအားယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများမှ ရွှေ့ပြောင်းပို့ဆောင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဥ်ရေဝင်နေကြအိမ်ထောင်စုများအနက် အိမ်ထောင်စု (၈)စုရှိ ပြည်သူများအား ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပို့ ဆောင်ပေးခဲ့ကြသည်။