တောင်ကြီး ဇူလိုင် ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ် စဉ်များကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ဒေသခံပြည်သူများအနေဖြင့် ယာယီနေ့ရပ်စွန့်ခွာ၍ ရောက်ရှိလျက်ရှိသည်။
တောင်ကြီးမြို့ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် ယာယီနေရပ်စွန့်ခွာ ရောက်ရှိလျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဒေသခံပြည်သူ ၁၄၈ ဦးတို့အား ဇူလိုင် ၂၇ ရက် ညနေပိုင်းက အနုတ္တရပရဟိတအသင်းမှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းမှ ဆရာ နော်လီက လက်ခံရယူခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာရောက်ရှိလျက်ရှိသည့် ပြည်သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)