တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများ၏ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

သာကေတမြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်

သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဋ္ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကမ်းပတ်တာအ‌ခြေအနေများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့သည် မြိုနယ်အတွင်းရှိ ရေတံခါးများ၊ ကမ်းပတ်တာအခြေအနေများအား စဉ်ဆက်မပြတ်လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့နေ့လည်၂နာရီခွဲအချိန်ခန့်က ထပ်မံ၍လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့သစ်မြို့နယ်မှ ဒေသထွက်ခရမ်းချဉ်သီးစျေးနှုန်း ပြန်လည်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာ(၁၈၀၀)ကျပ် စျေးရောင်းချရကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေရေး၊ သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည်တံ့ရေး၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှကာကွယ်နိုင်ရန်ရည်ရွယ်ပြီး မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဌာနဆိုင်ရာများ၊ ဒေသခံကျေးလက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများတို့မှ ယမန်နေ့နံနက် ၉ နာရီက ဟိုနမ့်ကျေးရွာအုပ်စု၊ အနောက်ပူးယာစန်းကျေးရွာနှင့် လွိုင်ခွင်ရွာဟောင်းကျေးရွာချင်းဆက်လမ်းဘေးဝဲယာ၌ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းသီးနှံများ စတင်နှုတ်သိမ်းလျက်ရှိ သီးနှံအထွက်ကောင်းမွန်၍ ဈေးကောင်းရရှိရန် မျှော်လင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တန်ခူးလအတွင်း စိုက်ပျိုးခဲ့ကြသော၊ ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် ပဲစင်းငုံသီးနှံများအနက်နှမ်းသီးနှံကို ယခုလ ဝါဆိုလပြည့်ကျော်မှစတင်၍ နှုတ်သိမ်းနေကြပြီဖြစ်ရာ၊ ယမန်နေ့ နံနက်က၊ ကြံစို့ကျေးရွာနှင့် အရှေ့အင်တိုင်းကျေးရွာဝန်းကျင်တို့တွင် နှမ်းများနှုတ်သိမ်းခြင်း၊ နှမ်းစည်းခြင်းနှင့် နှမ်းထောင်ခြင်းလုပ်ငန်းများကို မိုးပြတ်လပ်စဉ် အပြေးအလွှား လုပ်ကိုင်နေကြရကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး သုတရသစာအုပ်များ လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး သုတရသစာအုပ်များလှူဒါန်းခြင်းကို ယမန်နေ့မွန်း လွဲ ၃နာရီက အဆိုပါဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ခဲ့သည်။

(၁၀)ကြိမ်မြောက် ASEAN+3 Junior Science Odyssey(APTJSO-10)ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်ဆုများရရှိခဲ့ကြသည့်အဖွဲ့အား ကြိုဆို

(၁၀)ကြိမ်မြောက် ASEAN+3 Junior Science Odyssey(APTJSO-10)ပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့မှ(၂၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊Siam Reap မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှဦးဆောင်သော ကိုယ်စားလှယ်(၁၀)ဦးသည် ယမန်နေ့ ညနေ(၅)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ရေကျော်ကျမှုရှိ၍ အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူအသိပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသတွင် မိုးရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် သုည ဒသမ ၁ ပေ ရေပိုလွှဲမှ စတင်ရေကျော်ကျလာသဖြင့် တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် သတ်မှတ်ကာ အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားရှိကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ (ရေကင်းတာဝန်ခံ) ဦးစီးအရာရှိ ဦးထွန်းလွင်ထံက သိရသည်။
Subscribe to