မိုင်းပန်မြို့နယ်၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ခရိုင်သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။