အ.ထ.က(၁) အလုံ၌ အားကစာနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစာပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပမှု

အလုံ ဇူလိုင်လ ၂၈

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစာနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစာပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်စိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ေထာက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်မှ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဝူရှူး၊ Fitness Dance အားကစားသရုပ်ပြအဖွဲများမှ အားကစားနည်းအလိုက် သရုပ်ပြခဲ့ပြီးနောက် အလုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြိုးပိုပိုထွေးက ကျောင်းဆရာမကြီးအား အားကစားပစ္စည်းများပေးအပ်လှူဒါန်ခြင်းနှင့် တက်ရောက်လာသူများက အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်()၊ ခရိုင်နှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)