အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ် (၇) လုံး ရေထဲမျောပါ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာနှင့် မှက္ကဒန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က လူနေအိမ် (၇) လုံးရေစီးဖြင့် မျောပါသွားကြောင်း သိရသည်။