နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ‌ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိ ဆင်သေချောင်းတံတား(ကျောက်ချက်)သို့ရောက်ရှိပြီး ချောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးပြီး ချောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ မဲအင်းကျေးရွာ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုံ မိုးမြေပဲစိုက်ခင်းသို့ ရောက်ရှိပြီး  တောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆီထွက်သီးနှံကုန်ကြမ်းများကို တစ်နှစ်ပတ်လုံးထွက်ရှိစေရေးနှင့် ပြည်တွင်းစာသုံးဆီဖူလုံစေရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊  ဆီထွက်သီးနှံများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေးအတွက် ရေမြေသဘာဝနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံစိုက်ပျိုးခြင်းပုံစံ (Cropping Pattern) ရေးဆွဲဆောင်ရွက်ရမှာဖြစ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် စနစ်တကျလိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာများပြုလုပ်ပြီး လက်တွေ့ကျကျအကျိုးရှိစွာ သုံးစွဲစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများကို ပေးအပ်သည်။

ထို့နောက် တက်ရာက်လာကြသည့် တောင်သူများက လိုအပ်ချက်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုံ မိုးမြေပဲစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ နယ်မြေ(၂)ရှိ ရွှေအိုးစည် ဆီစက်သို့ရောက်ရှိပြီး  ဆီစက်လုပ်ငန်းလည်ပတ်နေမှုကို ကြည့်ရှုအားပေးရာတာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုများနှင့် ဖြန့်ဖြူးရောင်ချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လက်ရှိလုပ်ငန်းများကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းစားသုံးမှု ဖူလုံသည့်အပြင် ပြည်ပသို့တင်ပို့နိုင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက်အတွင်းရှိ မြို့နယ်ဩဝါဒါစရိယ၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနေမိန္ဒမဟာထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအမှူးပြုသော ဧည့်ပရိတ်သတ်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်စာချနာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပညာသာမိ မထေရ်မြတ်ထံမှ ငါးပါးသီးလခံယူဆောက်တည်ကြပြီး ဝါတွင်းကာလ ဝါဆို၊ ဝါကပ်ကြမည့် သံဃာတော်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို  ဆက်ကပ်လှူဒါန်းကြကာ အနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)