ကန်ကြီးထောင့်မြို့နယ်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဥ်ရေဝင်နေကြ အိမ်ထောင်စု များအနက်အိမ်ထောင်စု (၈)စုရှိ ပြည်သူများအားယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများမှ ရွှေ့ပြောင်းပို့ဆောင်

ကန်ကြီးထောင့်    ဇူလိုင်   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဥ်ရေဝင်နေကြအိမ်ထောင်စုများအနက် အိမ်ထောင်စု (၈)စုရှိ ပြည်သူများအား ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မင်္ဂလာရာမဘုန်း‌တော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပို့ ဆောင်ပေးခဲ့ကြသည်။

ထိုသို့ ရွှေ့ပြောင်းပို့ဆောင်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲနိုင်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် သန္ဓေ/အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့်လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အမှတ်၁ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဥ်ရေဝင်နေကြ အိမ်ထောင်စုများအနက်အိမ်ထောင်စု (၈)စု၊ လူဦးရေ ကျား (၁၆)ဦး၊ မ (၁၆)ဦး၊ ပေါင်း (၃၂)ဦးတို့အား မင်္ဂလာရာမဘုန်း‌တော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ကြသည်။

ထို့နောက် အဆိုပါပြည်သူများအား မြို့နယ်အစီအစဥ်ဖြင့်အိမ်ထောင်စု ၁စု လျင်ဆန် ၁ ပြည်၊ ဆီ ၅ဝ သား၊ ရေသန့် ၁ဗူး၊ ခေါက်ဆွဲခြောက်၂ထုတ် စီတို့ကို တာဝန်ရှိသူများမှ အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)