အုတ်ဖိုမြို့နယ်တွင် တောင်ကျချောင်းရေတိုက်စားမှုကြောင့် တံတားအချို့ပျက်ဆီး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု၍ တိမ်မြုတ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်ကျေးရွာအနီး တိမ်မြုတ်-ထန်းပင်ကုန်း ကျေးရွာချင်းဆက်လမ်းမိုင်တိုင် ၁/၄ နှင့် ၅ ကြားရှိ အရှည် (၂၄)ပေ၊ အကျယ် (၁၆)ပေ၊ အမြင့် (၂၅) ပေရှိသော အုတ်ခုံခံကွန်ကရစ်တိမ်မြုတ်ချောင်းကူးတံတား ကမ်းကပ်ခုံမြေကာနံရံ တစ်ဖက်ချဉ်းကပ်လမ်းမှာ ယမန်နေ့မွန်းလွဲပိုင်းက တောင်ကျချောင်းရေတိုက်စားမှုကြောင့် ပြိုကျခဲ့ကြောင်းသိရသည်။