ညောင်ရွှေမြိုနယ်တွင် နည်းလမ်း (၅) မျိုးဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နည်းလမ်း(၅)မျိုးဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ညောင်ရွှေမြို့နယ်၊ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစိုက်ကွင်း၌ ကျင်းပသည်။

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု၊ ပေါက်တောကျေးရွာရှိ မြတ်ဆုမွန်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ

ပြည်သူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေစေနိုင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု၊ ပေါက်တောကျေးရွာ၊ မြတ်ဆုမွန်စာကြည့်တိုက်၌ ကျင်းပသည်။ အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ  လက်ထောက်ညွှန်‌ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ဖြိုးလင်း၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေးဆရာများ၊ ရပ်မိရပ်ဖများနှင့် ရွာသူရွာသားများ တက်ရောက်ကြသည်။

ကံမမြို့နယ် မဒေးရေလှောင်တမံ ပင်မ‌ရေပိုလွှဲမှ (၀)ဒဿမ(၈)ပေခန့်‌ ရေကျော်ကျမှုသည် သာမန်အခြေအနေဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ရန်မလို

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံ၌ ယမန်နေ့နံနက်ပိုင်းက ပင်မရေပိုလွှဲမှ (၀) ဒဿမ (၈) ပေခန့် ဆည်ရေများ ကျော်ကျလျက်ရှိသော်လည်း ဆည်ရေပြည့်အမှတ်ကျော်လွန်သည့် သာမန်ရေကျော်အခြေအနေဖြစ်သည့်အတွက် ဆည်အောက်ပိုင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေရေး ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်း သာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ပလတ်စတစ်ကင်းစင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City ၊ Green City၊ Smart City ဖြစ်စေရေး၊ ဝန်ထမ်းအိမ်ရာများနှင့် အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ပလတ်စတစ်ကင်းစင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

မိုးညိုမြို့နယ်၌ ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများအား‌ ကျေးရွာအရောက်သွားရောက်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျောက်ဝကျေးရွာအုပ်စု၊ သမီးလှ‌ကျေးရွာ၊ ကောဝိဒါရုံဘုန်းတော်ကြီးကျောင်းတိုက်ရှိ ယာယီ‌ရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာအရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်

မင်းလှမြို့နယ်တွင် တိရစ္ဆာန်အစာ ကောက်ရိုးအား တန်ဖိုးမြှင့်အစာအဖြစ် ပြုပြင်ကျွေးမွေးနည်းစနစ်များကို တောင်သူပညာပေးသရုပ်ပြခြင်း ဆောင်ရွက်

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မွေးမြူ‌ရေးနှင့်ကုသ‌ ရေးဦးစီးဌာနမှ ‌တောင်သူများအား တိရစ္ဆာန်အစာပေါများစေရန်နှင့် ဒေသထွက်တိရစ္ဆာန်အစာများအား တန်ဖိုးမြှင့်တိရစ္ဆာန်အစာအဖြစ်  ပြုပြင်ကျွေးမွေးနိုင်ရေးအတွက်   ကောက်ရိုးကို စနစ်တကျထုတ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များကို တောင်သူပညာပေးသရုပ်ပြအဖြစ် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက မွေးမြူ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်ရှိ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးစီမံကိန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Zoom Meeting ဖြင့် တက်ရောက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Zoom Meeting ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံရေလှောင်ကန် ရေကျော်နေမှုအား ပြုပြင်ဆောင်ရွက်နေမှုနှင့် ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးအနီးရှိ လူနေအိမ်နှစ်လုံး ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံရေလှောင်ကန်သို့ သွားရောက်၍ ကန်၏အရှေ့ဘက်ခြမ်း၌ ရေတားအဖြစ်တည်ရှိသည့် သဘာဝကုန်းတန်း ရေကျော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၃) ရပ်ကွက်၊ စက်မှုဇုန် (၁) ရှိ စက်မှုဇုန်လမ်းနှင့် ပုသိမ်လမ်းထောင့် Sky Holding Co;Ltd အလှကုန်ပစ္စည်းသိုလှောင်ရုံ၌ ယမန်နေ့နံနက် ၉ နာရီ ၄၂ မိနစ်အချိန်က ထပ်ခိုးပေါ်တွင် သွယ်တန်းထားသော လုံခြုံရေးမီးထွန်းသည့်မီးလုံးမှ အပူလွန်ကဲပြုတ်ကျကာ အောက်တွင်ရှိသော တစ်သျှူးပလတ်စတစ်ပါကင်ထုပ် ကတ်ထူစက္ကူပုံးများပေါ်သို့ကျရာမှ မီးကူးစက်လောင်ကျွမ်းပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
Subscribe to