ရေကြည်မြို့နယ် သစ်ဖြူပင်ကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာသားရေစီးချောင်းများဖြစ်ပေါ်ပြီး မြေသားချိုင့်ခွက်မှုဖြစ်ပေါ်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ငဝန်တာမိုင်အမှတ် ၄၈ နှင့် ၄၉ ကြားတွင်မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် တာသားရေစီးချောင်းဖြစ်ပေါ်ပြီး မြေသားချိုင့်ခွက်မှု့ဖြစ်ပွားခဲ့ကြောင်း သိရသည်။