ကံမမြို့နယ် မဒေးရေလှောင်တမံ ပင်မ‌ရေပိုလွှဲမှ (၀)ဒဿမ(၈)ပေခန့်‌ ရေကျော်ကျမှုသည် သာမန်အခြေအနေဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ရန်မလို

ကံမ ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံ၌ ယမန်နေ့နံနက်ပိုင်းက ပင်မရေပိုလွှဲမှ () ဒဿမ () ပေခန့် ဆည်ရေများ ကျော်ကျလျက်ရှိသော်လည်း ဆည်ရေပြည့်အမှတ်ကျော်လွန်သည့် သာမန်ရေကျော်အခြေအနေဖြစ်သည့်အတွက် ဆည်အောက်ပိုင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မဒေးရေလှောင်တမံရှိ ပင်မရေပိုလွှဲမှ လက်ရှိဆည်ရေကျော်ကျမှုသည် သာမန်ရေကျော်အဆင့်သာဖြစ်ကြောင်း မ‌ဒေးရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၄၃၄) ဒဿမ (ပေဖြစ်ပြီး ယနေ့နံနက် (နာရီအချိန်တိုင်းထွာချက်အရ ယင်းတမံ၏ ဆည်ရေအမှတ်သည် (၄၃၄)ဒဿမ(၈)ပေ သို့ရောက်ရှိခဲ့သည့်အတွက် ပင်မရေပိုလွှဲမှ (၀) ဒဿမ (၈) ပေခန့် ရေကျော်စီးဆင်းခဲ့ခြင်းဖြစ်‌သော်လည်း တမံ၊ ရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာမလိုကြောင်း ဆည်‌ရေကျော်သည့်အချိန်တွင် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှု မဖြစ်ပွားစေရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့် (၁) အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်၊ ရှင်းလင်းဆောင်နေရာများနှင့် တမံအောက်ဘက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံ လွှင့်တင်ထားရှိပြီး (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မ‌ဒေးရေ လှောင်တမံအထက်ပိုင်းတွင် မိုးများအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် ဆည်‌ရေကျော်ကျမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းသာထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)