လက်ပံတန်းမြို့နယ်၌ ရေဘေးသင့်တောင်သူများထံသို့ တိရိစ္ဆာန်အစာများထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေဘေးသင့်ဒေသ တောင်သူများ၏ အိမ်မွေးတိရစ္ဆာန်များအတွက် တိရိစ္ဆာန်အစာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းရပ်ရပ်ကွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ကျိုက်မရောမြို့နယ်၌ အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း ၂၅ ကျောင်း ယာယီပိတ်ထားရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့အထိ အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါင်မြို့နယ်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များပြောင်းရွှေ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာကာ ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၇)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်ဖြစ်သော ရည်ညွှန်း စာကြည့်တိုက်အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာပိုစတာ​များ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊​ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်၌  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေတာရှည်မြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာပိုစတာနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ​မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်လာသဖြင့် တနင်္သာရီမြို့အတွင်းရှိ အိမ်ထောင်စု (၄၉၇) စု ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့လျက်ရှိ

တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ပထမအပတ်မှစတင် ရွာသွန်းခဲ့သည့်မိုးကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု (၄၉၇) စု ရေလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၄/ ၂၀၂၄)တက်ရောက်

မွန်ပြည်နယ် ၂ဝ၂၄ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်သည်။

လယ်ဝေးမြို့နယ်ရှိ ဆင်အုံရေလှောင်ကန်တာရိုး ရေစိမ့်ပေါက်သည့်နေရာအား  အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယမန်နေ့ည မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၆ နာရီ ၄၅ တွင် လယ်ဝေးမြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည့် ကြို့ပင်ကျေးရွာအနီး၊ လယ်ဝေးမြို့ပတ်လမ်းလမ်းဘေးရှိ ဆင်အုံရေလှောင်ကန်တာရိုး ရေစိမ့်ပေါက်၍ ရေများကျော်ကျခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေဘေးရှောင်ဒေသခံများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုအချို့ရှိ ဒေသခံပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ထားခဲ့ရကြောင်း သိရသည်။
Subscribe to