မြစ်သားမြို့နယ်တွင် (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာ ကွင်းအမှတ် (၄၄၂)ရှိ တောင်သူဦးဇော်နိုင်၏ မိုးစပါးစိုက်ပျိုးမြေ(၃)ဧကတွင် (၁၀)တန်းသွားမျို့စေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်၏ ဓာတ်အားပေးခွဲရုံနယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 11 KV  ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

တွံတေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သဝန်းတောကျေးရွာအုပ်စု၊ သုံးအိမ်ကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က သာယာဌေးကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကလောမြို့၌ မိုးအဆက်မပြက်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ချောင်းရေလျှံမှု ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ယနေ့နံနက် ၆ နာရီက ကလောချောင်းရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်သစ်များဆောက်လုပ်နိုင်ရေး အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား အသိပညာဗဟုသုတရရှိစေရေးတို့အတွက် ပညာတတ်လူငယ်များနှင့်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်နှင့်အညီ မက်မန်းမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်သစ်များ ဆောက်လုပ်နိုင်ရေးအစည်းအဝးကို ယမန်နေ့က မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျိုင်းတုံအကျည်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ စာအုပ်/ စာပေ ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ကျဆင်းသွား၍ စာသင်ကျောင်း (၃) ကျောင်း ပြန်လည်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း (၃) ကျောင်းမှာ မြစ်ရေကျဆင်းသွားသဖြင့် ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံဧက ၁၃၃၇၉ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ လျာထားဧကပြည့်မီရေးအတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၁၃၃၇၉ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၆၀၈၂ ဧကထိ စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း လျာထားဧက ၁၃၁၅၀ ဧကအနက် ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖူးစားပြောင်း  ၆၀၈၂ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အ-ထ-က မိုင်းနောင်တွင် ပန်းခင်းစီမံချက် (၃) နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့် (၃) နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က  ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to