မိုးညို ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျောက်ဝကျေးရွာအုပ်စု၊ သမီးလှကျေးရွာ၊ ကောဝိဒါရုံဘုန်းတော်ကြီးကျောင်းတိုက်ရှိ ယာယီရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာအရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှတာဝန်ရှိသူများက ကောဝိဒါရုံဘုန်းတော်ကြီးကျောင်းတိုက်ရှိ ယာယီရေဘေးရှောင်ပြည်သူများအတွက် ဆန်နှစ်အိတ်ခွဲ၊ ဆီ (၃၀)ပိဿာ၊ ရေသန့်(၁၀)ကတ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်သည့် ယာယီရေဘေးရှောင်ပြည်သူ (၉၈၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂၀၅၈၀၀၀/-)ကျပ်တို့အား ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)