ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု၊ ပေါက်တောကျေးရွာရှိ မြတ်ဆုမွန်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၁

ပြည်သူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေစေနိုင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု၊ ပေါက်တောကျေးရွာ၊ မြတ်ဆုမွန်စာကြည့်တိုက်၌ ကျင်းပသည်။ အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ  လက်ထောက်ညွှန်‌ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ဖြိုးလင်း၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေးဆရာများ၊ ရပ်မိရပ်ဖများနှင့် ရွာသူရွာသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ‌နအနေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စာကြည့်တိုက်များတွင် ဆောင်ရွက်ထားရန် လိုအပ်သည့်လုပ်ငန်းများ၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် နေပြည်တော် စာကြည့်တိုက်များဖောင်ဒေရှင်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ဖြိုးလင်းက နေပြည်တော်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများကို ပြောကြားသည်။

ထို့နောက် နေပြည်ဝောာ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေးဆရာများက ရွာသူ ရွာသားများအား စာပေဖတ်ရှုခြင်းမှရရှိသည့် အသိပညာများနှင့် စာပေဖတ်ရှုသင့်သည့် အကြောင်းအရာများကို အသီးသီးရှင်းလင်းဟောပြောသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးနှင့် နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်ဘုတ်များကို ရွာသူရွာသားများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)